တအာင်းပြည်တွင် ဇူလိုင်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ(၁၅)ဦးနှင့် သုံးစွဲသူ (၃၄)ဦး ဖမ်းဆီးနိုင်ခဲ့
တအာင်းပြည်၊ ဇူလိုင်လ ၂၅ရက်
တအာင်းပြည်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုးကုတ်မြို့နယ်တို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၅)ဦးနှင့် သုံးစွဲသူ (၃၄)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးနှင့် သုံးစွဲသူအမျိုးသား (၂)ဦးတို့ထံ ဘိန်းဖြူဆပ်ပြာခွက် (၁၁)ခွက်၊ ယာမဆေးပြား (၂၄၆)ပြား၊ ဖုန်း(၁)လုံး၊ ငွေသား သိန်း (၁,၀၄၉)ကျပ်နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။
အလားတူ ကွတ်ခိုင်မြိုနယ်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား(၃)ဦးတို့ထံ မူးယစ်ဆေးဝါး (၃)ဂရမ်၊ ယာမဆေးပြား (၁၀၀)ပြား၊ ဖုန်း (၁)လုံးတို့ကို ဖမ်းဆီးနိုင်ခဲ့ပါသည်။
ထိုအပြင် သီပေါမြို့နယ်တွင်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသား (၅)ဦး၊ အမျိုးသမီး (၁)ဦးနှင့် သုံးစွဲသူအမျိုးသား (၂)ဦးတို့ထံ စိတ်ကြွဆေးပြားအထုပ်သေး (၄၂)ထုတ်နှင့် (၆၈)ပြား၊ ဘိန်းဖြူဆပ်ပြာခွက်(၅)ခွက်နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ပါသည်။
မိုင်းငေါ့မြို့နယ်တွင်လည်း ကျောက်မဲမှ ဆိုင်ကယ်ဖြင့် ပန်စရီကျေးရွာသို့ ပြန်လာသည့်မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၁)ဦးသည် မန်ပင့်တံတားစစ်ဆေးရေးဂိတ်တွင်မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ယာမဆေးပြား (၆၁၅)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ နမ့်ဆန်မြို့နယ်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၄)ဦးတို့ထံ ဘိန်းဖြူထည့်ထားသည့် Lipoအချိုရည် (၁)ပုလင်း၊ ယာမဆေးပြား (၅)ပြား၊ ခါးခူး (၃)ထုတ်နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ပါသည်။
မန်တုံမြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသား (၁)ဦးထံ စိတ်ကြွဆေးပြားအထုပ်သေး (၂)ထုပ်နှင့် (၁၃၀)ပြား၊ ပိုက်ဆံ (၄၅၂,၀၀၀)ကျပ်နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။ ထိုအပြင် နမ္မတူမြို့နယ်လည်း မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၂)ဦးထံ ယာမဆေးပြား (၁၀)ပြားတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။
ထိုအပြင် မိုးကုတ်မြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့်သုံးစွဲသူ (၂၀)ဦးထံ ယာမအထုပ်သေး (၁၇)ထုတ်နှင့် ဆေးပြား (၃၇၉)ပြား၊ ဘိန်းဖြူဆပ်ပြာခွက် (၆)ခွက်၊ ဘိန်းဖြူထည့်ထားသည့် ရေသန့်ဗူးအသေး တစ်ဝက်ခန့်၊ Betadineဆေးဗူး (၁)ဗူး၊ မျက်ဆင်းခတ်ဗူး (၂)ဗူး၊ ဆင်တုံးမနွယ်ဆေးဗူးတစ်ဝက်၊ ယာမဆေးပြားထည့်ထားသည့် Grand Label တစ်ပိုင်းပုလင်းအပြား တစ်ဝက်ခန့်၊ အချိုရည်ပိုက် (၁၀)ပိုက်၊ ဆင်တုံးမနွယ်ဆေးဗူး (၁)ဗူးနှင့် ဖုန်း (၁)လုံး၊ ငွေသား (၁,၀၈၀,၀၀၀)ကျပ်တို့ကို ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့်သုံးစွဲသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF/TNLAတပ်ဖွဲ့မှ အကျင့်စာရိတ္တပြုပြင်ရေးစခန်း ပို့ဆောင်ပေးခြင်းနှင့် ပြစ်မှုကြီးသည့်သူများကိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၁)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ