မိုးကုတ်မြို့တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၁၃)ဦး ဖမ်းဆီးရမိ
မိုးကုတ်၊ ဇူလိုင်လ ၃၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၁၃)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၂၅)ရက်နေ့၌ မိုးကုတ်မြို့အတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်စဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ ကိုအားချန်းထံ ဘိန်းဖြူထည့်ထားသည့် ဆင်တုံးမနွယ်ဆေးဗူး တစ်ဝက်နှင့်အတူ ဖမ်းဆီးရမီခဲ့ပါသည်။ ထိုနောက်မူးယစ်ဆေးဝါးသုံးစွဲသူ ဦးမြရွှေ၊ ဦးမြင့်အောင်၊ ဦးရန်ကန်း၊ ဦးထွန်းထွန်းနိုင်၊ ဦးဇင်မင်းထွန်း၊ ဦးကျော်ဇင်လတ်၊ ဦးရာကူးနှင့်ကိုချမ်းချမ်းတို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းအပြင် ဇူလိုင်လ (၂၈)ရက်နေ့လည်း မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ဦးဗျာဗီ၊ ဦးဗွန်ရှိန်းနှင့် ကိုဗော်မန်ထက်တို့ထံ ယာမအထုပ်သေး (၁၇)ထုတ်၊ ဘိန်းဖြူဆပ်ပြာခွက် (၆)ခွက်၊ ဘိန်းဖြူထည့်ထားသည့် ရေသန့်ဗူးအသေး တစ်ဝက်ခန့်၊ Betadineဆေးဗူး (၁)ဗူး၊ မျက်ဆင်းခတ်ဗူး (၁)ဗူး၊ ယာမထည့်ထားသည့် Grand Label တစ်ပိုင်းပုလင်းအပြား တစ်ဝက်ခန့်၊ အချိုရည်ပိုက် (၁၀)ပိုက်နှင့် ယာမဆေးပြား (၁၄၂)ပြားတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။ ထိုနောက်တွင် မူးယစ်ဆေဝါးသုံးစွဲသူ ဦးလီတာ၊ ဦးယာကြီးပု၊ကိုအာကိုနှင့် ဦဘဇော်ဝင်းတို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဇူလိုင်လ (၂၉)ရက်နေ့လည်း မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ကိုသန်းဇော်ဦးထံ ယာမဆေးပြား (၁၃)ပြားကို ဖမ်းဆီရမိခဲ့ပြီး သုံးစွဲသူ ကိုမင်းသူအောင်ထံ ယာမထည့်ထားသည့် ဆင်တုံးမနွယ်ဆေးဗူး (၁)ဗူးတို့ကို ဖမ်းမိရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူသွားမည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့လည်း မိုးကုတ်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်စဥ်မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူအမျိုးသား (၂)ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ