1288

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးသေဆုံး၊ (၁၈)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
29 July 2025

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးသေဆုံး၊ (၁၈)ဦး ထိခိုက်ဒဏ်ရာရ


မိုးကုတ်၊ ဇူလိုင်လ ၂၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မိုးကုတ်မြို့ အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးသေဆုံး၊ (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။


ယနေ့ နံနက်ပိုင်းအချိန်၌ စစ်ကောင်စီတပ်သည် မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နှင့် BOC ကားကြီးကွင်းအနီးတို့တွင် လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၃)လုံးနှင့် ပေါင်(၂၅၀)ဗုံး (၂)လုံးအပါအဝင် စုစု‌ပေါင်း ဗုံး (၅)လုံး  လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။  ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦးသေဆုံးခဲ့ရပြီး အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲကာ နေအိမ် (၁၄)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။


စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ (၉)ရက်နေ့တွင် (၁)ကြိမ်၊ဇူလိုင်လ (၁၁)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် (၁)ကြိမ်တို့ဖြင့် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီးဗုံးလာရောက်ကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးနှင့် အမျိုးသား (၄)ဦး သေဆုံးသွားခဲ့ပြီး ပြည်သူလူထု (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ၎င်းအပြင် ပြည်သူလူထု၏နေအိမ်(၂၄)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ပါသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးသေဆုံး၊ (၁၈)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်