1264

မိုင်းငေါ့တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူလူထု (၁)ဦး သေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
15 July 2025

မိုင်းငေါ့တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူလူထု (၁)ဦး သေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရ

မိုင်းငေါ၊ ဇူလိုင် ၁၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူလူထု (၁)ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဥ်တွင် ယနေ့ နေ့လယ် (၁၂း၅၀)နာရီအချိန်၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကြောင့် မန်ပင့်တံတားလည်း အနည်းငယ်ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၄)ရက်နေ့လည်း သီပေါ၊ တောင်မြို့ရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦး ပွဲချင်းသေဆုံးခဲ့ပြိး အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၅)အိမ်လည်း ဗုံးစထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက်နေ့အထိ လေကြောင်းဖြင့် ကျောက်မဲမြို့တွင် (၆)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ မိုးကုတ်မြို့တွင် (၂)ကြိမ်နှင့် သီပေါမြို့တွင် (၂)ကြိမ်တို့ စုစုပေါင်း (၁၁)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၉)ဦး သေဆုံးခဲ့ရပြီး ကလေးငယ် (၄)ဦးနှင့် ပြည်သူလူထု (၄၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၆၃)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းငေါ့တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူလူထု (၁)ဦး သေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်