1263

ကွတ်ခိုင်နှင့် သိန္နီကြားတွင် ခရီးသည်တင်ယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
15 July 2025

ကွတ်ခိုင်နှင့် သိန္နီကြားတွင် ခရီးသည်တင်ယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွား

ကွတ်ခိုင်၊ ဇူလိုင် ၁၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်နှင့် သိန္နီကြားတွင် ခရီးသည်တင်ယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။





ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇူလိုင် (၁၃)ရက် နံနက် (၁၁း၀၀)နာရီအချိန်၌ မန်ပြိန်းကျေးရွာအနီးရှိ ကုန်းအတက်တွင်  ၎င်းကားသည် စက်ရပ်တန့်သွားခဲ့ပါသည်။

ထိုနောက်တွင် ယာဥ်မောင်းဖြစ်သူ ဦးဖိုးချစ်သည် ကားပေါ်ဆင်းသွား၍ စစ်ဆေးမှုပြုလုပ်နေစဥ်အတွင်း ကားဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်သွားခဲ့သည်။

အဆိုပါကားသည် လားရှိုးမှ မူဆယ်သို့တက်မည့်ကားဖြစ်ပြီး ထိုကားအတွင်းရှိ တင်ဆောင်ထားသည့် ပစ္စည်းများအားလုံး မီးလောင်သွားခဲ့သည်။

ထိုမီးလောင်နေစဉ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့မှ လာရောက်မီးငြိမ်းခဲ့ပြီး နံနက် (၁၁း၃၀)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်နှင့် သိန္နီကြားတွင် ခရီးသည်တင်ယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်