1261

ကွတ်ခိုင်တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
14 July 2025

ကွတ်ခိုင်တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

ကွတ်ခိုင်၊ ဇူလိုင်လ ၁၄ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၁)တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။





ဖြစ်စဉ်တွင် ပြီးခဲ့သည့် (၁၂)ရက် ည (၈း၀၀)နာရီအချိန် ဦးခမ်းညွန့်၏ နေအိမ်သည် ဘတ်ထရီကြိုးမှတစ်ဆင့်ရှော့ဖြစ်ကာ နေအိမ်မီးလောင်သွားခဲ့ပြီး အိမ်ရှင်အမျိုးသား၏လက်တွင် မီးလောင်ဒဏ်ရာရရှိသွားခဲ့သည်။





၎င်းနေအိမ်အတွင်း မီးလောင်သွားသည့်ပစ္စည်းများ သည် ကား (၁)စီး၊ ဓာတ်ဆီ ပေပါပုံး (၃)ပုံးနှင့် နေအိမ်အတွင်းရှိပစ္စည်းများအားလုံး စုစုပေါင်းကာလတန်ဖိုး သိန်း (၂၆၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ထိုမီးလောင်နေစဉ် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား (၃)စီးနှင့်အတူ ပြည်သူလူထုများ ဝိုင်းဝန်းပြီး ည (၁၀း၁၅)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့လည်း မိုင်းဝီးမြို့၊ ရပ်ကွက် (၁)တွင် နေအိမ် (၁)အိမ် မီးလောင်သွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်