1250

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦး သေဆုံး၊ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၈)ဦး ထိ

ဒေသတွင်းသတင်း / ဒေသတွင်း
10 July 2025

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦး သေဆုံး၊ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၈)ဦး ထိခိုက်ဒဏ်ရာရ

မိုးကုတ်၊ ဇူလိုင်လ ၁၀ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာတွင်  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချမှုကြောင့် ကလေးငယ် (၂)ဦး သေဆုံးပြီး ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ လူထု (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဥ်တွင် ယမန်နေ့ ည (၈း၀၀)နာရီကျော်အချိန်၌ လေကြောင်းဖြင့် ဗုံးများလာရောက်ကြဲချမှုကြောင့်  ကလေးငယ် (၂)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၂)ဦး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၇) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။





အလားတူ ပြီးခဲ့သည့် ဇူလိုင် (၈)ရက်နေ့လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့သော ကြောင့်  အမျိုးသမီး (၂)ဦးနှင့် အမျိုး သား (၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပြည်သူလူထု (၈)ဦး ပြင်းထန်စွာဒဏ်ရာရရှိ ခဲ့သည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်း စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ဦးတည်၍ ရည် ရွယ်ချက်ရှိရှိ ဗုံးများကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင် ရွက်ရန် လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦး သေဆုံး၊ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၈)ဦး ထိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်