တအာင်းပြည်တွင် ဇွန်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးနိုင်ခဲ့
တအာင်းပြည်၊ ဇူလိုင်လ ၂ရက်
တအာင်းပြည်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၁)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၉)ဦးတို့အတူ ဘိန်းဖြူ(၃၇)ခွက်၊ LIPOVITAN-D အချိုရည်ပုလင်း (၅)ပုံ (၄)ပုံခန့်၊ အုန်းဆီဗူး (၃)ပုံ (၂)ပုံခန့်၊ ရွှေအုန်းပင်အုန်းဆီဗူး (၆)ပုံ (၁)ပုံနှင့် တစ်လက်မခန့်ရှိသော ဗူး (၇)ဗူး ထည့်ထားသည့်ဘိန်းဖြူ၊ ယာမဆေးပြား (၉၅၆၁)ပြားနှင့် ငွေသား (၁၈၅၂၀၀)ကျပ်နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။
အလားတူ ကွတ်ခိုင်မြိုနယ်လည်း ပြီးခဲ့သည့် ဇွန်လ(၂၀)ရက်နေ့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ကိုကျော်နိုင်ထွန်းသည် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟုသတင်းရရှိပြီး ၎င်း၏နေအိမ်အတွင်းသွားရောက်စစ်ဆေးရာတွင် ယာမဆေးပြား (၂၄၀၀၀၀)ပြား၊ ဘိန်းမည်း (၅)ကျပ်သား၊ ကား (၁)စီး၊ ဖုန်း (၄)လုံး၊ Tablet(၁)လုံး၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်ပစ္စည်းများကို မြို့နယ်ရဲတပ်ဖွဲ့မှဘဖမ်းဆီးရမိခဲ့ပါသည်။
ထိုအပြင် မိုင်းငေါ့မြိုနယ်၊ မန်ဝေးကျေးရွာကို မူးယစ်ဆေးဝါးသွားပို့မည့် ဦးအိုက်ဆိုင်သည် စစ်ဆေးရေးဂိတ်ရောက်နေစဉ် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ယာမဆေးပြား (၁၉၈) ပြား၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်ပစ္စည်းများကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။
ပြီးခဲ့သည့် ဇွန်လ (၁၄)ရက်နေ့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ နမ့်ဆန်တွင် စစ်ဆေးမှုပြုလုပ်နေစဉ် အသက် (၂၆)နှစ်အရွယ် ကိုဂျန်နီကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသုံးစွဲထားကြောင့် စစ်ဆေးတွေ့ရှိခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။
မန်တုံမြို့နယ်၊ ဟိုခိုရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ယာအိုဆိုသူသည် မူးယစ်ဆေးဝါးရောင်းဝယ်သည့်ဟု သတင်းရရှိကာ ဇွန်လ (၂၆)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ၎င်း၏နေအိမ်အတွင်း သွားရောက်စစ်ဆေးခဲ့ရာ ယာမဆေးပြား (၃)ထုပ်နှင့် ပိုက်ဆံ (၅၄၇,၅၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့မှ အကျင့်စာရိတ္တပြုပြင်ရေးစခန်း ပို့ဆောင်ပေးခြင်းနှင့် ပြစ်မှုကြီးသည့်သူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၀)ဦးနှင့်သုံးစွဲသူ (၂၀)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ