1221

ကွတ်ခိုင်တွင် တအာင်းပြည် ပညာရေး‌ကောင်စီ-TLECမှ မူလတန်းပြဆရာအဖြစ် သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
28 June 2025

ကွတ်ခိုင်တွင် တအာင်းပြည် ပညာရေး‌ကောင်စီ-TLECမှ မူလတန်းပြဆရာအဖြစ် သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ကျင်းပပြီးစီး


ကွတ်ခိုင်၊ ဇွန်လ ၂၈ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ မူလတန်းပြဆရာအဖြစ် သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ (၂၆)ရက်နေ့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။




အဆိုပါ အခမ်းအနားကို ပ‌လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုဥက္ကဋ္ဌ(၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပါင်လနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအပါအဝင် ရပ်မိရပ်ဖများ၊ ဆရာ/မများ စုစုပေါင်း လူဦးရေ (၂၇၀)ဦး တက်‌ရောက်ခဲ့ကြသည်။




၎င်းမူလတန်းပြဆရာအဖြစ်သင်တန်းသည် ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်‌နေ့မှ  ဇွန်လ (၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းကာလအားဖြင့် (၂)လကြာမြင့်ခဲ့သည်။




ထိုသင်တန်းသည် ဆရာမ (၁၀၆)ဦးနှင့် ဆရာ (၂၆)ဦး စုစုပေါင်း (၁၃၂)ဦး တက်ရောက်သင်ကြားပြီးမြောက်ခဲ့သည်။ ၎င်းသင်တန်းသင်ကြားပြီးမြောက်သွားခဲ့ကြသော ဆရာ/မများသည် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ပါသည်။




ပြီးခဲ့သည့် မေလ (၂၅)ရက်နေ့လည်း နမ့်ဆန်မြို့တွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာသင်ပြနည်း မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်တွင် တအာင်းပြည် ပညာရေး‌ကောင်စီ-TLECမှ မူလတန်းပြဆရာအဖြစ် သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်