1219

PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ မန်တုံမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
28 June 2025

PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ မန်တုံမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးဖမ်းဆီးရမိ

 

မန်တုံ၊ ဇွန်လ ၂၈ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ နမ့်ဆန်ခရိုင်၊ မန်တုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့ပါသည်။

 

ဖြစ်စဉ်တွင် ဇွန်လ (၂၆)ရက် ညနေ (၅း၃၀)နာရီအချိန်တွင် မန်တုံမြို့၊ ဟိုခိုရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်ယာအိုဆိုသူသည် မူးယစ်ဆေးဝါးရောင်းဝယ်သည့်ဟု သတင်းရရှိကာ ၎င်း၏နေအိမ်အတွင်း မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား (၃)ထုပ်၊ ပိုက်ဆံ (၅၄၇,၅၀၀)ကျပ်နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။ 

 

အဆိုပါ အမျိုးသမီးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

အလားတူ ပြီးခဲ့သည် ဇွန်လ (၂၃)ရက်နေ့လည်း မိုင်းဝီးမြို့၊ ရပ်ကွက် (၂)တွင် နေထိုင်သည့် ဦးဒူနောင်၏နေအိမ်အတွင်း ကျည်ဆံမျိုးစုံ (၆၀၀)ထောင့်၊လက်ပစ်ဗုံး (၁၀) လုံး၊ လက်ထောက်ဗုံးသီး (၁) လုံး၊ ဘိန်းမဲ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို

တွေ့ရှိခဲ့သည်။ 

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ မန်တုံမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်