ကွတ်ခိုင်မြို့ ရပ်ကွက် (၁)နှင့် ရပ်ကွက် (၅)ကြားဆက်သွယ်ထားသည့် တံတားကို ပြည်သူလူထုများ ဖြတ်သန်းသွားလာအဆင်ပြေစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ပြုပြင်ပေး
ကွတ်ခိုင်၊ ဇွန်လ ၂၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၁)မှ ရပ်ကွက် (၅)ကြားဆက်သွယ်ထားသည့် တံတားကို ပြည်သူလူထုများ ဖြတ်သန်းသွားလာအဆင်ပြေစေရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ပြုလုပ်ပေးခဲ့ပါသည်။
အဆိုပါတံတားသည် ပျက်စီးနေပြီး ပြည်သူလူထုများ ဖြတ်သန်းသွားလာရန်အဆင်မပြေသောကြောင့် ပြီးခဲ့သည့် ဇွန်လ (၂၁)ရက်နေ့မှ ဇွန်လ(၂၅)ရက်နေ့အထိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ပါသည်။
၎င်းတံတားသည် အလျား (၂၁)ပေ၊ အနံ (၁၂)ပေခန့်ရှိပါသည်။ အဆိုပါတံတားကို ပြန်လည်ပြုပြင်ပေးရာတွင် သိန်း (၉၀)ကျော် ကုန်ကျခဲ့သည်။ ထိုတံတားပျက်စီးနေသောကြောင့် ယခင်တွင် ပြည်သူလူထုများသည် တစ်ခြားနေရာသွားလျှင် ကွေ့ပတ်ပြီး သွားလာနေကြရပါသည်။
ပြီးခဲ့သည့် မေလ (၂၇)ရက်နေ့လည်း သီပေါမြို့နယ်၊ မန်လွယ်နှင့် တော့ဖယ်ကျေးရွာကြားတွင် မြို့နယ်အုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး တံတားတစ်စီးပြုလုပ်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ