1217

မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃)ဖွဲ့ မီးရှို့ဖျက်ဆီး

ဒေသတွင်းသတင်း / ဒေသတွင်း
27 June 2025

မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃)ဖွဲ့ မီးရှို့ဖျက်ဆီး

မူဆယ်၊ ဇွန်လ ၂၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃)ဖွဲ့မီးရှို့ဖျက်ဆီးခဲ့သည်။




ပြီးခဲ့သည့် (၁၀၂၇)စစ်ဆင်ရေးအပြီးတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့ စတင်အုပ်ချုပ်သည့်အချိန်မှစ၍ ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးများကို ယမန်နေ့ဇွန်လ (၂၆)ရက်နေ့၌ လူမြင်ကွင်းရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပါသည်။




အဆိုပါ မူးယစ်ဆေးဝါများသည် ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၂)ခွက်၊ အထုပ် (၂)ထုပ်၊ အချိုရည်ပိုက်အတွင်းရှိ ဘိန်းဖြူ (၂၂၃)ခု၊ Happy Water (၅၆)ထုပ်၊ ယာမစိတ်ကြွဆေးပြား (၁၂၆၆၀)ပြားနှင့် ဘိန်းမည်း (၁)ထုပ်တို့ဖြစ်ကြပါသည်။





ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ယမန်နေ့ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ထိုမူးယစ်ဆေးဝါးများကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃)ဖွဲ့ မီးရှို့ဖျက်ဆီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်