စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံး၊ ကလေးငယ် (၂)ဦးအပါအ၀င် (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄၉)အိမ်နှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီး
ကျောက်မဲ၊ ဇွန်လ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့အတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၂)ဦးအပါအ၀င် (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄၉)အိမ်နှင့်စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ညနေအချိန်တွင် ကျောက်မဲမြို့၊ ရပ်ကွက် (၃)တွင် ဗုံးလာရောက်ကြဲချမှုကြောင့် ကလေးငယ် (၂)ဦးအပါအ၀င် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုများ၏ နေအိမ် (၁၆)အိမ်နှင့် စာသင်ကျောင်း (၁)ကျောင်းတို့ ထိခိုက်ပျက်စီးမှုများပြားခဲ့ပါသည်။ ၎င်းအပြင် နေအိမ် (၄)အိမ်လည်း ဗုံးစအနည်းငယ် ထိမှန်ခဲ့ပါသည်။
အလားတူ ကျောက်မဲမြို့၊ ရပ်ကွက် (၇)ဘက်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးနှင့်အမျိုးသမီး (၃)ဦး သေဆုံးခဲ့ရပြီး အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၇)အိမ်နှင့် သီလရှင်စာသင်ကျောင်း (၁)ကျောင်းတို့ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ကျန်နေအိမ် (၂၂)အိမ်လည်း ဗုံးစအနည်းငယ် ထိမှန်ပျက်စီးသွားခဲ့ပါသည်။
အဆိုပါနေရာများတွင် စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခြင်းဖြစ်ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ