1191

မန်လွယ်နှင့် တော့ဖယ်ကျေးရွာကြားတွင် PSLF/TNLA သီပေါမြို့နယ်အုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး တံတားတစ်စင်းပြုလုပ်ပေး

ဒေသတွင်းသတင်း / ဒေသတွင်း
19 June 2025

မန်လွယ်နှင့် တော့ဖယ်ကျေးရွာကြားတွင် PSLF/TNLA သီပေါမြို့နယ်အုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး တံတားတစ်စင်းပြုလုပ်ပေး


သီပေါ၊ ဇွန်လ ၁၉ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF/TNLA သီပေါမြို့နယ်အုပ်ချုပ်ဌာနမှ ဦးဆောင်ပြီး မန်လွယ်နှင့် တော့ဖယ်ကျေးရွာကြားတွင် တံတားတစ်စင်းပြုလုပ်ပေးခဲ့ပါသည်။


အဆိုပါတံတားသည် ပြီးခဲ့သည့် မေလ (၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ သီပေါမြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူနှင့်  ကျေးရွာပြည်သူလူထုများက ဝိုင်းဝန်ပြီး ပြုလုပ်ခဲ့သည်။


၎င်းတံတားသည် အလျား (၁၁)ပေ၊ အနံ (၁၀)ပေခန့်ရှိခဲ့သည်။  ယခင်တွင် ပြည် သူလူထုများသည် ထိုချောင်းကို ဖြတ်ကူးသွားလာဖြတ်သန်းနေရကြပါသည်။


ထိုကြောင့် ပြည်သူလူထုများသွားလာအဆင်စေရန်အတွက် သီပေါနှင့် ကျောက်မဲမြို့နယ်ကြားရှိ ၎င်းချောင်းကို PSLF/TNLA သီပေါမြို့အုပ်ချုပ်ရေးဌာန သစ်သားတံတားတစ်စင်းပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။


ပြီးခဲ့သည့် ဇွန်လ (၄)ရက်နေ့တွင်လည်း နမ္မတူမြို့နယ်တွင် ပျက်စီးနေသည့်လမ်း များကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ပြန်လည်ပြုပြင်ပေးခြင်းနှင့် ပန်းခြံအတွင်း သန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်လွယ်နှင့် တော့ဖယ်ကျေးရွာကြားတွင် PSLF/TNLA သီပေါမြို့နယ်အုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး တံတားတစ်စင်းပြုလုပ်ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်