သီပေါနှင့် နမ့်ခမ်းမြို့နယ်တွင် အမျိုးသား (၂)ဦးရေနစ်ပြီးသေဆုံး
တအာင်းပြည်၊ ဇွန်လ ၁၂ရက်
တအာင်းပြည်၊ သီပေါနှင့် နမ့်ခမ်းမြို့နယ်တွင် အမျိုးသား (၂)ဦးသည် ရေနစ်ပြီး သေဆုံးသွားခဲ့ပါသည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇွန်လ (၁၀)ရက်နေ့ ညအချိန်တွင်သီပေါမြို့၊ရပ်ကွက်(၈)တွင် နေထိုင်သည့် အသက် (၂၃)နှစ်အရွယ် ကိုသော်ထွန်းသန်းဆိုသူသည် မြို့လယ်ချောင်းအတွင်း ရေနစ်ပြီးသေဆုံးခဲ့ပါသည်။
၎င်း၏ရုပ်အလောင်းကို ယမန်နေ့ နံနက်အစောပိုင်း(၅း၀၀)နာရီအချိန်တွင် ပြည်သူလူထုများမှ တွေ့ရှိခဲ့ပြီး တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်အကြောင်းကြားခဲ့ပါသည်။ ထို့နောက်တွင်မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။
အလာတူ ပြီးခဲ့သည့် ဇွန်လ (၉)ရက်နေ့ နေ့လယ် (၃း၀၀)နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာတွင်နေထိုင်သည့် အသက်(၁၆)နှစ်အရွယ် မိုင်းချမ်းသာအောင်သည် သူငယ်ချင်းများနှင့်အတူ ရေဆော့ကစားနေချိန် ရေနစ်သေဆုံးသွားခဲ့ပါသည်။
ထို့နောက်တွင် ၎င်း၏ရုပ်အလောင်းကို ပလောင်ပြည်နယ်လွတ်ရေးတပ်ဦး
PSLF/TNLA၏ အုပ်ချုပ်ရေးဌာနှင့် ပြည်သူလူထုများက သွားရောက်ဝိုင်းဝန်းရှာဖွေခဲ့ရာ နေ့လယ်(၃း၂၀)နာရီအချိန်တွင် ပြန်လည်တွေ့ရှိခဲ့ပါသည်။
ပြီးခဲ့သည့် ဧပြီလ (၁၄)ရက်နေ့လည်း အသက် (၁၇)နှစ်အရွယ် မိုင်းနိုင်လင်းထက်ဆိုသူသည် ဟိုဆိုင်းချောင်းသာတွင် သူငယ်ချင်းများနှင့်ရေဆော့ကစားနေချိန် ရေနစ်ပြီးပျောက်ဆုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ