1175

တွန်ကော်ကျေးရွာတွင် ဘက်ထရီပေါက်ကွဲ၍ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
12 June 2025

တွန်ကော်ကျေးရွာတွင်  ဘက်ထရီပေါက်ကွဲ၍ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

မိုင်းဝီး၊ ဇွန်လ ၁၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ မိုင်းဝီးမြို့နယ်၊ လွယ်ဟွမ်အုပ်စု၊ တွန်ကော်ကျေးရွာတွင် ဘက်ထရီမှတစ်ဆင့်ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။





ဖြစ်စဥ်တွင် ယမန်နေ့ ဇွန်လ (၁၁)ရက်နေ့  ည (၈:၀၀)နာရီအချိန်တွင် ဒေါ်ယေကော်တို့၏နေအိမ်တွင် အသုံးပြုနေသည့်ဘက်ထရီအိုးသည် ပေါက်ကွဲသွားပြီး နေအိမ်မီးလောင်သွားခြင်းဖြစ်ပါသည်။





ထိုမီးလောင်နေအချိန်အတွင်း တွန်ကော်ပြည်သူလူထုများအပြင် တာပုံကျေးရွာကပြည်သူလူထုများလည်း လာရောက်မီးငြိမ်းသတ်ခဲ့သော်လည်း မီးအရှိုန်မြင့်မားမှုကြောင့် မငြိမ်းသတ်နိုင်ခဲ့ဘဲ နေအိမ်တစ်ခုလုံး မီးလောင်ပြာကျသွားခဲ့သည်။

အဆိုပါ နေအိမ်အတွင်းသိမ်းထားသည့် မြန်မာကျပ်ငွေ သိန်း (၃၀)၊ တရုတ်ယွမ် (၈၀၀၀၀)နှင့် ပစ္စည်းများအားလုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး သိန်းပေါင်း (၅၀၀)ကျော် ဆုံးရှုံးသွားခဲ့ပါသည်။

ပြီးခဲ့သည့် မေလ (၂၉)ရက်နေ့လည်း  နမ့်ခမ်းမြို့နယ်၊ နောင်တိန်ကျေးရွာတွင် လျှပ်စစ်မီးကနေတစ်ဆင့်ရှော့ဖြစ်ပြီး နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တွန်ကော်ကျေးရွာတွင် ဘက်ထရီပေါက်ကွဲ၍ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်