1170

မိုးကုတ်တွင် သဲတင်ကားတစ်စီးသည် နောက်ပြန်ဆုတ်ရာတွင် အမျိုးသမီး (၁)ဦးကို တိုက်မိပြီးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
11 June 2025

မိုးကုတ်တွင် သဲတင်ကားတစ်စီးသည် နောက်ပြန်ဆုတ်ရာတွင် အမျိုးသမီး (၁)ဦးကို တိုက်မိပြီးသေဆုံး

မိုးကုတ်၊ ဇွန်လ ၁၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်ခရိုင်၊ မိုးကုတ်မြို့အရှေ့ပိုင်း ဘီတောင်ရပ်ကွက်တွင် သဲတင်ကားတစ်စီးသည် နောက်ပြန်ဆုတ်ရာတွင်အမျိုးသမီး (၁)ဦးကို တိုက်မိပြီးသေဆုံးသွားခဲ့ပါသည်။

ဖြစ်စဥ်တွင် ဇွန်လ (၉)ရက်နေ့ နေ့လယ် (၁း၀၀)နာရီအချိန်တွင် မင်းတံတားဘက်မှ သဲတင်လာသည့် ဦးသိန်းစိုးလင်း ဘီ‌တောင်ရပ်ကွက်ရောက်ချိန် သဲချရန် ကားကိုနောက်သို့ဆုတ်နေစဉ် အသက် (၆၂)နှစ်အရွယ် ဒေါ်မချိုကို တိုက်မိခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ အမျိုးသမီး၏ ဝမ်းဗိုက်နှင့် ညာဘက်ပေါင်တွင် ကားဘီးဖြင့် တက်ကြိတ်သွားသည့် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုရန် လုပ်ဆောင်နေစဉ် သေဆုံးသွားခဲ့ပါသည်။ အခင်းဖြစ်ပွားခဲ့သည့်နေရာကိုတအာင်းပြည် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ကားမောင်းသူကို လည်း ဖမ်းဆီးထိန်းသိမ်းထားသည်။

ပြီးခဲ့သည့် မေလ (၁၈)ရက်နေ့လည်း မိုးမိတ်မြို့နယ်၊ ရွှေတဲနှင့် အောက်မကျည်းပင်ကျေးရွာကြားတွင် ဆိုင်ကယ်နှင့်ကားယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး သွားသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်တွင် သဲတင်ကားတစ်စီးသည် နောက်ပြန်ဆုတ်ရာတွင် အမျိုးသမီး (၁)ဦးကို တိုက်မိပြီးသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်