PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် ကျားဖြန့်လုပ်ကိုင်သူအမျိုးသား (၁၂)ဦးကို တရုတ်ပြည် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး
တအာင်းပြည်၊ ဇွန်လ ၁၀ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည် ရဲတပ်ဖွဲ့မှ တအာင်းပြည်အတွင်း ဖမ်းဆီးရမိထားသည့် ကျားဖြန့်လုပ်ကိုင်သူအမျိုးသား (၁၂)ဦးကို ယနေ့ နံနက် (၉း၀၀)နာရီအချိန်တွင် တရုတ်ပြည် ရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးအပ်ခဲ့ပါသည်။
ထိုအမျိုးသားများသည် နမ့်ခမ်းမြို့နယ် (၄)ဦး၊ ကွတ်ခိုင်မြို့နယ်မှ (၅)ဦးနှင့် နမ္မတူမြို့နယ်မှ (၃)ဦးတို့ဖြစ်ပါသည်။ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်မှဖမ်းဆီးရမိသည့်အမျိုးသား (၉)ဦးသည် မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသူများဖြစ်ကြပါသည်။
၎င်းတို့ကို စစ်ဆေးမှုပြုလုပ်ပြီးနောက်တွင် ကျားဖြန့်လုပ်ကိုင်သူဖြစ်ကြောင်းထွက်ဆိုထားသည်။ နမ္မတူမြို့နယ်မှ ဖမ်းဆီးရမိသည့် (၃)ဦးလည်း ကျားဖြန့်လုပ်ငန်းလုပ်ရန် စီစဉ်နေချိန်အတွင်း မြို့နယ်ရဲတပ်ဖွဲ့သတင်းရရှိပြီး သွားစစ်ဆေးဖမ်းဆီးခဲ့ပါသည်။
အဆိုပါ ကျားဖြန့်လုပ်ကိုင်သူများသည် ဝမ်ထန်လင်၊ ဝမ်ကေ့ကန်၊ ကျန့်ရှောင်ချိန်၊ ခုန်ချင့်ဆော့၊ ထန်မောင်ချွန်း၊ ကျုံးချွင်းဟုန်၊ချန်ကျားလင်၊ ကျောင်းယွီ၊ ဟုန်ချန်ရှင်း၊ အားဟောင်၊ အားဟွမ်နှင့် အားယွမ်တို့ဖြစ်ကြပြီး ၎င်းတို့သည် တရုတ်နိုင်ငံသားများ ဖြစ်ကြပါသည်။
ဖမ်းဆီးရမိထားသူသည့် (၁၂)ဦးတွင် (၁)ဦးသည် ခြေထောက်တွင် ဒဏ်ရာရှိထားသောကြောင့် မြို့နယ် ရဲတပ်ဖွဲ့မှ ဆေးကုပေးနေချိန်အတွင်းလူမှုကူညီရေးယာဉ်ဖြင့် လွဲပြောင်းပေးအပ်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ