နောင်ချိုတွင် တအာင်းတပ်မတော် TNLA တည်ရှိရာကို စစ်ကောင်စီတပ်၏ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများဖြစ်ပွား
နောင်ချို၊ ဇွန်လ ၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။
ယနေ့ ဇွန်လ (၉)ရက် နံနက် (၈း၅၀)နာရီအချိန်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာသောကြောင့် ပိန္နဲကုန်းနှင့် ကန်ကြီးကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
ပြီးခဲ့သည့် ဇွန်လ (၈)ရက်တွင် နောင်ချိုမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ရှောက်ခြံကျေးရွာ၊ ကန်ကြီးကျေးရွာနှင့် လက်ပန်ကုန်းကျေးရွာတို့တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
ထိုတိုက်ပွဲအတွင်း အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်သည် ဒရုန်းဖြင့် ဗုံး (၁၂)လုံးနှင့် လက်နက်ကြီး (၁၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။ ဇွန်လ (၇)ရက်လည်းတအာင်းတပ်မတော် TNLA တည်ရှိရာ ကန်ကြီးကျေးရွာ၊ ညောင်တောနှင့် နောင်ချိုကြီးကျေးရွာတို့ဘက်တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ (၄)ရက်တွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့အတွင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦးနှင့်အမျိုးသမီး (၂)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့ပါသည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း ဇွန်လ (၂)ရက်တွင်ထုတ်ပြန် ကြေညာထားသော်လည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်း ထိုးစစ်ဆင်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်လျှက်ရှိသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြာရေးဌာန
မှတ်ချက်များ