ဟိုတုန်ကျေးရွာတွင် တအာင်းစာအဖွဲ့- TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့
မန်တုံ၊ ဇွန်လ ၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မန်တုံမြို့နယ်၊ ဟိုတုန်ကျေးရွာတွင် တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံံးသုံးစာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
ထိုသင်တန်းတွင် သင်တန်းသား (၂၂)ဦးနှင့် သင်တန်းသူ(၃၀)ဦး စုစုပေါင်း (၅၂)ဦးတို့ မေလ ၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ (၁)လကြာ တက်ရောက်သင်ကြားခဲ့သည်။ ဇွန်လ (၂)ရက်နေ့တွင် ၎င်းတို့ကို တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲတွင် သင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူလူထုများအပါအဝင် လူဦးရေ (၁၃၀)ကျော်တက်ရောက်ခဲ့ပါသည်။
တအာင်းစာအဖွဲ့- TLAသည် ပြီခဲ့သည့် မေလအတွင်း ပလောင်ပြည်နယ်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မိုးကုတ် ၊မိုးမိတ်နှင့် မိုင်းငေါ့ မြို့နယ်တို့မှ ကျောင်းသား/သူ စုစုပေါင်း (၃၂၇)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းရုံးသုံးစာ/ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများ စကားလုံးအသုံးအနှုန်း ဝေါဟာရတူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေထည့်သွင်းသင်ကြားနိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲအစည်းဌာနဆိုင်ရာဝန်ထမ်းများနှင့် ရုံးဌာနတိုင်း တအာင်းရုံးသုံးစာဘာသာဖြင့် အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေးကျောင်းအတွင်း တအာင်းစာပေဘာသာရပ်များပိုချပေးရန်အတွက် ဆရာ/မဝန်ထမ်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ