နမ္မတူမြို့တွင် ပျက်စီးနေသည့်လမ်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ပြုပြင်ပေးခြင်းနှင့် ပန်းခြံအတွင်း သန့်ရှင်ရေးများပြုလုပ်
နမ္မတူ၊ ဇွန်လ ၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၈)နယ်မြေ၊ နမ္မတူမြို့တွင် PSLF/TNLA မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ပျက်စီးနေသည့်လမ်းများကို ပြန်လည်ပြုပြင်ပေးခြင်းနှင့် ပန်းခြံဥယျာဥ်အတွင်းရှိ မြက်ပင်၊ ခြုံပင်များကို ရှင်းလင်းပေးခြင်းများစသည်တို့ကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပျက်စီးနေသောလမ်းများကို ပြီခဲ့သည့် ဇွန်လ (၄)ရက်တွင် ပြုလုပ်ခင်းကျင်းပြီးစီးခဲ့ပြီး အကျယ် (၁၈)ပေနှင့် အရှည် (၇၃)ပေခန့် ရှိပါသည်။
အလာတူ ပြီးခဲ့သည့် မေလ (၂၃)ရက်လည်း မြို့တွင်းရှိ ပျက်စီးနေသည့်လမ်းများကို ပြန်လည်ပြုပြင်ပေးခဲ့ပြီး ရေမြောင်းများကိုလည်း တူးဖော်ပေးခဲ့ပါသည်။ ထိုနောက်တွင် မြို့သာယာလှပရေးအတွက် မြက်ပင်နှင့် ခြုံပင်များကိုလည်း ရှင်လင်းပေးခဲ့ပါသည်။
၎င်းလမ်းသည် ယခင်တွင် မိဘပြည်သူလူထုများလည်း သွားလာရေးအဆင်မပြေမှုများစွာရှိခဲ့ပြီး ယခုချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ပြုပြင်ပေးမှုကြောင့် အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် မေလ (၁၈)ရက်တွင်လည်း မြို့နယ်
စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက် (၃)အတွင်း အကျယ် (၁၂)ပေနှင့် အရှည် (၇၆ဝ)ပေကျော်ရှိသော ပျက်စီးနေသည့်လမ်းများအား (၁၅)ရက်ကြာ ပြုပြင်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ