1162

မူဆယ်မြို့နယ်တွင် ယာဥ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
06 June 2025

မူဆယ်မြို့နယ်တွင် ယာဥ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

မူဆယ်၊ ဇွန်လ ၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းခရိုင် မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ဘက်တွင် သွားသည့်လမ်းမကြီးပေါ်တွင်  ယာဥ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

ဖြစ်စဥ်တွင် ယမန်နေ့ ညနေ (၅း၃၀)နာရီအချိန်တွင် ဆိုင်ကယ်နှင့် (၁၂)ဘီးကားတစ်စီးသည် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကာ ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၅၂)နှစ်အရွယ် ဒေါ် မာကြည်ဆိုသူမှ သေဆုံးသွားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် ဦးခေါင်းနှင့် ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။ (၁၂)ဘီးကား မောင်းသူ အမျိုးသားကို ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ပြီးခဲ့သည့် မေလ (၂၂)ရက်လည်း မိုင်းယု (၁ဝ၅)မိုင်တွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန










Topics: ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ဇန်နဝါရီလ ထုတ် စာစောင်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်