နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ (၄)ဦီးထိခိုက်ဒဏ်ရာရ၊ နေအိမ် (၂)လုံး ပျက်စီး
နောင်ချို၊ ဇွန်လ ၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၄ရက်နေ့တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့ ဈေးရပ်ကွက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ကို ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။ ထိုပြင် နေအိမ် (၂)လုံးနှင့် ကမ္ဘောဇကျောင်းတိုက် ဘုန်းကြီးကျောင်း (၁)ကျောင်းတို့ကိုလည်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ထိမှန် ပျက်စီးခဲ့သည်။
ဇွန်လ ၃ရက် နံနက်(၈း၅၄)နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ရေဖြူကျေးရွာမှနေပြီး ဂန့်ဂေါကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံး(၆)လုံးပစ်ချခဲ့ပြီး၊ ထိုနေ့ ညနေ(၄း၀၀)နာရီအချိန်တွင်လည်း ကန်ကြီးကျေးရွာကို ဒရုန်းဖြင့် (၁)ကြိမ် လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့သည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း ဇွန်လ ၂ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသော်လည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့တွင် ဆက်လက်ဗုံးကြဲတိုက်ခိုက်နေပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိ ရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နား ဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ