1155

တအာင်းပြည်တွင် မေလတစ်လအတွင်း စစ်ကောင်စီတပ်မှလေကြောင်းဖြင့် (၂၆)ကြိမ်၊ လက်နက်ကြီး (၇၇၆)လုံး၊ ဒရုန်းဖြင့် ဗုံး(၃၂၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၈) ဦးသေဆုံး၊ (၁၈) ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
04 June 2025

တအာင်းပြည်တွင် မေလတစ်လအတွင်း စစ်ကောင်စီတပ်မှလေကြောင်းဖြင့် (၂၆)ကြိမ်၊ လက်နက်ကြီး (၇၇၆)လုံး၊ ဒရုန်းဖြင့် ဗုံး(၃၂၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၈) ဦးသေဆုံး၊ (၁၈) ဦး ထိခိုက်ဒဏ်ရာရ

တအာင်းပြည်၊ ဇွန်လ ၄ရက်

တအာင်းပြည်တွင် မေလတစ်လအတွင်း အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ  နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တို့တွင် လေ ကြောင်းဖြင့်(၂၆)ကြိမ်၊ လက်နက်ကြီး  (၇၇၆) လုံး၊ ဒရုန်းဖြင့် ဗုံး (၃၂၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၈)ဦး သေဆုံးပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့ပါသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်ရှိ ကျေးရွာများနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA တည်ရှိရာများကို ဦးတည်ပြီး လေ ကြောင်းဖြင့် (၁၂)ကြိမ်၊လက်နက်ကြီး(၇၇၆)လုံး၊ ဒရုန်းဖြင့် ဗုံး (၃၂၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၁၄၄)လုံးတို့ လာ‌ရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူလူထု (၆)ဦးသေဆုံးခဲ့ရပြီး (၁၄)ဦး ဒဏ်ရာရရှိသည့်အပြင် နေအိမ် (၈)လုံးလည်း ဗုံးစထိမှန်ပျက်စီးခဲ့သည်။

ထိုနောက် စစ်ကောင်စစ်တပ်မှ ကျောက်မဲမြို့ကိုလေကြောင်းဖြင့် (၂)ကြိမ် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၂)လုံးလည်း ထိမှန်ပျက်စီးခဲ့သည်။ မိုးကုတ်မြို့ကိုလည်း ပြည်သူလူထုများကို ဦးတည်ကာလေကြောင်းဖြင့် (၆)ကြိမ် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင်နေအိမ် (၁၈)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။

အလားတူ မိုင်းငေါ့မြို့နယ်ကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှလေကြောင်းဖြင့် (၁)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းလုံမြို့နယ်ကိုလည်း လေကြောင်းဖြင့် (၃)ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုအပြင် မန်တုံမြို့ကိုလည် စစ်ကောင်စီတပ်သည်လေကြောင်းဖြင့် (၂)ကြိမ်  လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်အပြင် နေအိမ်(၂၇)လုံးလည်း ထိမှန်ပျက်စီးခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် မေလတစ်လအတွင်း စစ်ကောင်စီတပ်မှလေကြောင်းဖြင့် (၂၆)ကြိမ်၊ လက်နက်ကြီး (၇၇၆)လုံး၊ ဒရုန်းဖြင့် ဗုံး(၃၂၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၈) ဦးသေဆုံး၊ (၁၈) ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်