တအာင်းပြည်တွင် မေလအတွင်း မီးလောင်မှု (၅)ကြိမ်ဖြစ်ပွား၊သိန်းပေါင်း (၆၄၁)သိန်းကျော်ဆုံးရှုံး
တအာင်းပြည်၊ ဇွန်လ ၃ရက်
တအာင်းပြည်၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်းနှင့် မိုးကုတ်မြို့နယ်တို့တွင် မေလတစ်လအတွင်း မီးလောင်မှု (၅)ကြိမ်ဖြစ်ပွားခဲ့ပြီး သိန်းပေါင်း (၆၄၁)သိန်းကျော် မီးလောင်ဆုံးရှုံးသွားခဲ့ပါသည်။
ကွက်ခိုင်မြို့နယ်၊ ပိန်းဟွယ်ကျေးရွာတွင် ပြီးခဲ့သည့်မေလ (၅)ရက်တွင် ဆိုလာမီးမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး (၁၅)သိန်း မီး လောင်ဆုံးရှုံးခဲ့သည့်။ ထိုနောက်တွင် မန်တုံကျေးရွာတွင်လည်းပြီးခဲ့သည့် မေလ (၇)ရက်တွင် ဘထ္ထရီမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားကာ စုစုပေါင်းကာလတန်ဖိုး (၂၄)သိန်း ဆုံးရှုံးသွားခဲ့သည်။
အလားတူ ပိန်းဟွယ်ကျေးရွာတွင် မေလ (၃၀)ရက်တွင် ဘုရားစင်ပေါ် ဖယောင်း တိုင်မီးထွန်းထားမှတစ်ဆင့် နေအိမ်ထပ်မံမီးလောင်မှုဖြစ်ပွားခဲ့ပြီးစုစုပေါင်းဆုံးရှုံး ကာလတန်ဖိုး သိန်း(၂၀၀) မီး လောင်ဆုံးရှုံးသွားခဲ့သည်။
ထိုအပြင် နမ္မတူမြို့၊ မြို့မစျေးအနီး ရပ်ကွက် (၄)တွင်ပြီးခဲ့သည့် မေလ (၁၂)ရက်တွင် လျှပ်စစ်ဝါယာမီးကြိုးမှတစ်ဆင့် နေအိမ်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးစုစုပေါင်းကာလတန်ဖိုး သိန်(၂၈၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ပါသည်။
ပြီးခဲ့သည့် မေလ (၂၉)ရက် နမ့်ခမ်းမြို့နယ်၊နောင်တိန်ကျေးရွာတွင် လျှပ်စစ်မီးမှတစ်ဆင့်ရှော့ဖြစ်ပြီး ဦးမောက်ဟိန်း၏နေအိမ်သည် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများအားလုံးမီးလောင်သွားခဲ့ကာစုစုပေါင်းကာလတန်ဖိုး (၇၂)သိန်း မီးလောင်းဆုံးရှုံးသွားခဲ့သည်။
မိုးကုတ်မြို့နယ်၊ သဒွတ်လျှိုကျေးရွာနေထိုင်သည့် အသက် (၂၆)နှစ်အရွယ် မောင်ဆန်ထွေးမောင်သည် မူးယစ်ဆေးဝါးများကို အလွန်အကျွံသုံးစွဲပြီးနောက် မေလ (၃၀)ရက်တွင် ၎င်း၏ နေအိမ်ကို ဓါတ်ဆီဖြင့်လောင်းကာမီးရှို့ပစ်ခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး သိန်း (၂၅၀)ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းလည်း တအာင်းပြည်တွင် မီးလောင်မှု (၈)ကြိမ်ဖြစ်ပွားခဲ့ပြီး သိန်းပေါင်း (၅၆၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ