1151

တအာင်းပြည်တွင် မေလတစ်လအတွင်း စစ်ကောင်စီတပ်၏စွန့်လွှတ်မိုင်းကြောင့် ပြည်သူလူထု (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
02 June 2025

တအာင်းပြည်တွင် မေလတစ်လအတွင်း စစ်ကောင်စီတပ်၏စွန့်လွှတ်မိုင်းကြောင့် ပြည်သူလူထု (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရ


တအာင်းပြည်၊ ဇွန်လ ၂ရက်


တအာင်းပြည်တွင် မေလတစ်လအတွင်း စစ်ကောင်စီတပ်၏ စွန့်လွှတ်မိုင်းကြောင့်ပြည်သူလူထု (၂)ဦး သေဆုံးပြီး (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


သီပေါမြို့နယ်၊ ကုန်စုံကျေးရွာတွင်နေထိုင်သည့် အသက်(၃၂)အရွယ် ဦးအိုက်လောဝ်ဆိုသူသည် မေလ (၇)ရက် စစ်ကောင်စီတပ် ခလရ (၂၃)တပ်စခန်းဟောင်းဘေးတွင် သွားခွေသွားရာမှ မိုင်းနင်းမိပြီး ညာဘက်ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။


အလားတူ မေလ (၈)ရက်လည်း ကွန်စံလိပ်ကျေးရွာတွင်နေထိုင်သည့်အသက် (၃၁)နှစ်အရွယ် ဦးအိုက်ကျော်ဆိုသူသည် ဆိုင်ကယ်ဖြင့် ဦးလေးထံပိုက်ဆံသွားယူပြီးအပြန်တွင် စစ်ကောင်စီတပ် ခမရ (၅၀၃) တပ်စခန်းဟောင်းအနီးအပေါ့သွားရန်လုပ်နေစဥ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။


ထိုအပြင် မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)တွင် ပြီးခဲ့သည့် မေလ (၁၅)ရက်တွင် တုန့်ခန်ကျေးရွာ‌တွင်နေထိုင်သည့် အသက် (၄၀)နှစ်အရွယ်ရှိဦးမန်ဘဟာဒူးဆိုသူသည် နွားကျောင်းနေစဥ်အတွင်း အနားယူစဥ် ၎င်း၏ညာလက်သည် မိုင်းကိုဖိမိပြီးပေါက်ကွဲကာ ထိုနေရာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။  


ပြီးခဲ့သည့် မေလ (၂၄)ရက်လည်း မိုးကုတ်မြို့နယ်တွင် အသက် (၂၅)နှစ်အရွယ် မိုင်းအောင်အောင်ဆိုသူသည်စစ်ကောင်စီ၏ မိုးကုတ်ဗျူဟာလက်အောက်ခံတပ်ရင်း(၁၄၈)၊တပ်စခန်းဟောင်း (၅)မိုင်ဂိတ်ရှေ့တွင် မိုင်းကို နင်းမိပြီးသေဆုံးသွားခဲ့သည်။ 


အလားတူ ပြီးခဲ့သည့် မေလ (၂၉)ရက်တွင်လည်း နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည်မီးသွေးသွားကြည့်ရာချိန် ဟိုပေါ်အထက်ကျေးရွာအနီးတွင် မိုင်းတစ်လုံးကို နင်းမိပြီး ညာခြေထောက်တစ်ဖက်ဆုံးရှုံးသွားခဲ့သည်။


ပြီးခဲ့သည့် ဧပြီလတစ်လအတွင်း ယခင်စစ်‌ကောင်စီတပ်၏ စွန့်လွှတ်မိုင်းကြောင့် ပြည်သူလူထု (၁)ဦး သေဆုံးပြီး ကလေးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် မေလတစ်လအတွင်း စစ်ကောင်စီတပ်၏စွန့်လွှတ်မိုင်းကြောင့် ပြည်သူလူထု (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်