1150

မေလအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၀)ဦးနှင့် သုံးစွဲသူ (၂၀)ဦး ဖမ်းဆီးနိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
02 June 2025

မေလအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၀)ဦးနှင့် သုံးစွဲသူ (၂၀)ဦး ဖမ်းဆီးနိုင်ခဲ့ 


တအာင်းပြည်၊ ဇွန်လ၂ရက် 


တအာင်းပြည်အတွင်းရှိ မိုးကုတ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၀)ဦးနှင့် သုံးစွဲသူ (၂၀)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။


မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူအမျိုးသား (၁၈)ဦးနှင့်အတူ ယာမ (၁၇)ကဒ် (တစ်ကဒ်တွင် (၃၀)ထုပ်)နှင့် (၂၆)ထုပ်၊ ယာမဆေးပြား (၂၀၇)ပြား၊ ဘိန်းမည်း (၃)ပိသာ၊ ဘိန်းဖြူဆပ်ပြာခွက် (၅)ခွက်နှင့် (၂)ပတ်ပြား (၃)ပုလင်း၊ ငွေသား (၄၀)သိန်းတို့အတူ ဖမ်းဆီးရမိခဲ့သည်။


ထို့အပြင် ကွတ်ခိုင်မြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးနှင့်အတူ ဘိန်းဖြူ (၁၆၈)ဗူးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်။


နမ့်ခမ်းမြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသား (၃)ဦးနှင့်အတူ ယာမဆေးပြား (၂၄)ထုပ်၊ ဘိန်းဖြူ (၁၃)ဗူး၊ ဖုန်း(၈)လုံးနှင့်အတူ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်။


အလားတူ နမ့်ဆန်မြို့နယ်၊ ပန်းနောင်းတံတားတွင်လည်း ပြီးခဲ့သည့် မေလ (၂၂)ရက်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား(၁)ဦးကို ဖမ်းဆီးရမိခဲ့သည်။


နမ္မတူမြို့နယ်တွင်လည်း ပြီးခဲ့သည့် မေလ (၁၅)ရက်တွင်  ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၁)ဦးကို ဖမ်းဆီးရမိခဲ့သည်။


ယခုနှစ် ၂ဝ၂၅ ခုနှစ်တွင် PSLF/TNLA၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ ခရိုင် (၅)ခုတွင်ရှိသော မြို့နယ် (၁၇)မြို့အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ယခင်ထက်ပိုမို လုပ်ဆောင်လာသောကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူအများအပြား ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများကိုလည်း အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်သည်။


ပြီးခဲ့သည့် ဧပြီလတွင်လည်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၆၅)ဦး တို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မေလအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၀)ဦးနှင့် သုံးစွဲသူ (၂၀)ဦး ဖမ်းဆီးနိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်