1148

မေလအတွင်း တအာင်းစာအဖွဲ့-TLAမှ တအာင်းပြည်အတွင်းရှိ ကျေးရွာ (၇)ရွာကိုအခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ပြီးစီးနိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
31 May 2025

မေလအတွင်း တအာင်းစာအဖွဲ့-TLAမှ တအာင်းပြည်အတွင်းရှိ ကျေးရွာ (၇)ရွာကိုအခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ပြီးစီးနိုင်ခဲ့


တအာင်းပြည်၊ မေလ ၃၁ရက်


တအာင်းပြည်အတွင်းရှိ ကျေးရွာ (၇)ရွာကို  တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်သင်ကြားနိုင်ပေးခဲ့ပြီး သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။


အဆိုပါကျေးရွာများတွင် မိုးကုတ်မြို့နယ်မှ ဗမွန်စံပြကျေးရွာ၊ ကျောက်ကြမ်းကျေးရွာ၊ ဆင်ခွာကျေးရွာ၊‌ ရေအေးကျေးရွာ၊ ဘောလုံးကြီးကျေးရွာ၊မိုးမိတ်မြို့နယ်မှ ရွှေဖီတန်ကျေးရွာနှင့် မိုင်းငေါ့မြို့နယ်မှ ပြိန်းအင်ကျေးရွာတို့ဖြစ်ကြသည်။ ထိုကျေးရွာများမှ   သင်တန်းသား (၈၉)ဦးနှင့် သင်တန်းသူ(၁၁၆)ဦးတို့မှ တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင့် သင်တန်းဆင်းလက်မှတ် (Certificates)များကို ချီးမြင့်ပေးခဲ့သည်။


အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံးတအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကိုပြောတက်၊ ရေးတက်၊ ဆိုတက်၊သုံးတက်နိုင်ရန်တို့ဖြစ်ပါသည်။


ပြီးခဲ့သည့် ဧပြီလအတွင်းလည်း တအာင်းစာအဖွဲ့-TLAမှ နမ့်ခမ်း၊ မန်တုံ၊မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့မှ ကျောင်းသား/သူ စုစုပေါင်း (၅၆၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မေလအတွင်း တအာင်းစာအဖွဲ့-TLAမှ တအာင်းပြည်အတွင်းရှိ ကျေးရွာ (၇)ရွာကိုအခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ပြီးစီးနိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်