1146

PSLF/TNLAအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မေလအတွင်း ကျေးရွာပေါင်း (၃)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြု လုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
31 May 2025

PSLF/TNLAအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မေလအတွင်း ကျေးရွာပေါင်း (၃)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြု လုပ်ခဲ့


တအာင်းပြည်၊ မေလ ၃၁ရက်    


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် မေလတစ်လအတွင်း ‌ကျေးရွာ(၃)ရွာရှိ ‌ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။


ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် နမ္မတူမြို့နယ်ရှိ ကောင်းဟုန်းကျေးရွာ၊သီပေါမြို့နယ် လွယ်ဆာ နှင့် မန်လွယ်ကျေးရွာတို့ဖြစ်ကြပြီး ကျေးရွာရှိ ပြည်သူလူထုစုစုပေါင်းလူဦးရေ (၈၉) ဦးကို အမျိုးသမီးအမွေဆက်ခြင်းနှင့်အမျိုးသမီးနှင့်ကျန်းမားရေးစသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။


PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။


ပြီးခဲ့သည့် ဧပြီလအတွင်းလည်း သီပေါ၊ မိုင်ငေါ့၊ နမ့်ဆန်၊ကျောက်မဲနှင့် မိုင်းလုံမြို့နယ်က ကျေးရွာ (၂၆)ရှိပြည်သူလူထု စုစုပေါင်း (၁၀၅၅)ဦးအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLAအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မေလအတွင်း ကျေးရွာပေါင်း (၃)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြု လုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်