1144

နမ့်ခမ်းတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးကို ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
30 May 2025

နမ့်ခမ်းတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးကို ဖမ်းဆီးရမိ


နမ့်ခမ်း၊ မေလ ၃၀ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးကို ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဥ်တွင် မေလ (၂၇)ရက် နံနက် (၇း၀၀)နာရီအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ မန်ခမ်းဂိတ်တွင် စစ်ဆေးမှုပြုလုပ်နေချိန် အသက် (၅၃)နှစ်အရွယ် ဦးစံအိုက်ထံ ဘိန်းဖြူ (၄)ဗူး၊ ယာမဆေးပြား (၄)ထုပ်တို့နှင့်အတူ ဖမ်းဆီးမိခဲ့သည်။


အလားတူ မေလ (၂၃)ရက် ည (၆း၀၀) နာရီအချိန် မြို့နယ်ရဲတပ်ဖွဲ့မှ အသက်(၆၀)နှစ်အရွယ် ဦးကာယုံသည် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟုသတင်းရရှိပြီး ၎င်း၏နေအိမ်အတွင်း သွားရောက်စစ်ဆေးရာမှ ဘိန်းဖြူ (၂)ဗူးကို တွေ့ရှိပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ၎င်းကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးသွားခဲ့ပါသည်။


ပြီးခဲ့သည့် မေလ (၇)ရက် နေ့လယ် (၃း၃၀)နာရီအချိန်တွင် အသက် (၄၀)နှစ်အရွယ် ဦးလီယာန်သည် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟုသတင်းရရှိပြီး ၎င်း၏နေအိမ်အတွင်း သွားရောက်စစ်ဆေးရာမှ ဘိန်းဖြူ (၇)ဗူး၊ ယာမဆေးပြား (၂၀)ထုပ်၊ ဖုန်း (၈)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


၎င်းတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ပြီးခဲ့သည့် မေလ (၂၄)ရက်လည်း မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၅)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးကို ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်