1141

နမ့်ဆန်တွင် PSLF/TNLA ခရိုင်ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
28 May 2025

နမ့်ဆန်တွင်  PSLF/TNLA  ခရိုင်ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးစီး

နမ့်ဆန်၊ မေလ ၂၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် PSLF/TNLA ခရိုင်ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး အုပ်ချုပ်ရေးမှူးများကို ပြီးခဲ့သည့် မေလ (၂၂)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့ရွာအေးချမ်းသာယာရေးကိစ္စများ ပိုမိုလုပ်ဆောင်နိုင်ရန်၊
ပျက်စီးနေသည့် လမ်းများကို ပြန်လည်ပြုပြင်ရန်၊ ဥပဒေအကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူပေါင်းကြရန် စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

ထိုနောက် တက်ရောက်လာခဲ့ကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ၎င်းတို့ကြုံတွေ့နေရသည့်အခက်အခဲနှင့် ပြဿာနာများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို  ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ တရားစီရင်ရေးဌာန၊ ဥပဒေအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အပါအဝင် စုစုပေါင်းလူဦးရေ (၈ဝ)ဦး တက်ရောက်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်တွင် PSLF/TNLA ခရိုင်ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်