မိုးကုတ်မြို့တွင် PSLF/TNLAမှ သောင်းကျန်းနေသည့် သူခိုးဓားပြ (၃)ဦးကို ဖမ်းဆီးရမိ
မိုးကုတ်၊ မေလ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ သောင်းကျန်းနေသည့် သူခိုးဓားပြ (၃)ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် မေလ (၂၃)ရက် ညနေ (၅း၀၀)နာရီအချိန်တွင် မိုးကုတ်မြို့အရှေ့ပိုင်း၊ မိုးကုတ်ကြယ်(ကားဂိတ်) အနီးတွင် လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် PSLF/TNLAမှ စစ်ဆေးမှုပြုလုပ်နေစဥ် ဓားပြတိုက်ရန်ကြံစည်နေသည့် ထိုအမျိုးသား (၃)ဦးကို လက်နက်နှင့်အတူ ဖမ်းရမိသည်။
အဆိုပါဖမ်းဆီးရမိထားသောအမျိုးသားများသည် ကိုသူရမျိုးထက်၊ ကိုအောင်ရှင်သန့်နှင့် ကိုနေမျိုးသူတို့ဖြစ်ကြပြီး ၎င်းတို့ထံ လက်လုပ်သေနတ် (၁)လက်၊ လက်ကိုင် ဓားမြောင်း (၄)လက်၊ ပစ္စတို (၁)လက်နှင့် ယာမဆေးပြား (၅၀)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့သည် မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ကျေးရွာ၊မင်းတံတားရပ်ကွက်ရှိ မျိုးမြန်မာကုန်စုံဆိုင်နှင့် ကျောက်ဝါကျေးရွာဘက်တွင် ဓားပြတိုက်ရန် ကြံစည်ထားကြောင်းထွက်ဆိုထားပြီး PSLF/TNLAမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုအပြင် မိုးကုတ်မြို့အတွင်း လက်ပစ် ဗုံးဖောက်ခွဲခဲ့သည့် အမျိုးသားတစ်ဦးကိုလည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ