1139

မိုးမိတ်တွင် ယာဥ်တိုက်မှုကြောင့် သေဆုံးသွားသည့် ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် သဘောတူ ကျေအေးပေး

ဒေသတွင်းသတင်း / ဒေသတွင်း
26 May 2025

မိုးမိတ်တွင် ယာဥ်တိုက်မှုကြောင့် သေဆုံးသွားသည့် ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် သဘောတူ ကျေအေးပေး


မိုးမိတ်၊ မေလ ၂၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးမိတ်မြို့နယ်၊ ရွှေတဲနှင့် အောက်မကျည်း ပင်ကျေးရွာကြားတွင် ဆိုင်ကယ်နှင့် ကားယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦး သေဆုံးသွားသည့်ကိစ္စနှင့်ပတ်သက်ကာ နှစ်ဦးနှစ်ဖက် သဘောတူကျေအေးပေးခဲ့ပါသည်။


ဖြစ်စဥ်တွင် ပြီးခဲ့သည့် မေလ (၁၈)ရက် ည (၈းဝဝ)နာရီအချိန်တွင်  သပိတ်ကျင်းမြို့နယ်၊ ဒေါပုံကျေးရွာနေ(စစ်ဘေးရှောင်) အသက် (၄၃)နှစ်အရွယ် ဦးနိုင်စောဦးသည် ရေချိုးပြီးအပြန်လမ်းတွင် ဆိုင်ကယ်ဓာတ်ဆီပြတ်လပ်သွားခဲ့သောကြောင့် လမ်းဘေးတွင် ဆိုင်ကယ်ဆင်းတွန်းချိန် ကျောက်မောမှ မိုးမိတ်သို့ ကိုရွှေတားမောင်းလာသည့်ကားသည် ရှေ့မှလာသော ကားတစ်စီးကို ရှောင်လိုက်စဥ် ဦးနိုင်စောဦးနှင့် မျက်နှာချင်းဆိုင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည်။


မေလ (၁၉)ရက်တွင် ကာယကံရှင်နှင့် သေဆုံးသွားသည့် မိသားစုဝင်တို့မှ တွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာမန်ကျည်းပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံတွင် မိမိသဘောဆန္ဒနှင့် ကျေအေးပေးခဲ့ပြီး မည်သူမျှဖိအားပေးခြင်းမျိုးမရှိခဲ့ပေ။


၎င်းနောက်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ ကျေအေးသည့် ကာယကံရှင်နှင့် သေဆုံးသွားသည့် မိသားစုဝင်များအား ခေါ်ယူတွေ့ဆုံမေးမြန်းရာတွင် နှစ်ဦးနှစ်ဖက် ကျေအေးခဲ့ကြောင်း မှန်ကန်ခဲ့သည်။ ထိုကြောင့် မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် သေဆုံးသူ၏မိသားစုဝင်မှ တောင်းဆိုလာသည့်ဆန္ဒသဘောအရ သဘောတူညီပြီး ကျေအေးပေးသောကိစ္စများအား ထပ်မံအတည်ပြုလိုက်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေဌာန

Topics: မိုးမိတ်တွင် ယာဥ်တိုက်မှုကြောင့် သေဆုံးသွားသည့် ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် သဘောတူ ကျေအေးပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်