1138

နမ့်ဆန်တွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာသင်ပြနည်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
26 May 2025

နမ့်ဆန်တွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာသင်ပြနည်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး


နမ့်ဆန်၊ မေလ ၂၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့တွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ မူလတန်းအဆင့်ဘာသာရပ်ဆိုင်ရာသင်ပြနည်း မွမ်းမံသင်တန်းဆင်းပွဲအား ယမန်နေ့ နံနက် (၉း၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် PSLF/TNLA ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပါင်လမှအာဏာသိမ်းမှုနှင့်အတူ ပညာရေးပါပျက်စီးသွားသည့်အခါ ကျက်စာများကို အခြေပြုခဲ့ပြီးနောက် ကလေးများ၏ တွေးခေါ်နိုင်စွမ်းအားနည်းလာခဲ့သည်။ ထို့ကြောင့် တအာင်းပြည်၏ ပညာရေးအခန်းကိုဆရာ/မ များနှင့်အတူ ပညာရေးအား ကျက်စာအခြေပြုခြင်းမျိုးမဟုတ်ဘဲ ကလေးများ အမှားအမှန်ခွဲခြား တွေးခေါ်နိုင်စွမ်းမြှင့်မာလာစေရန် အတူတကွ ဆောင်ရွက်ကြရမည်ဖြစ်သည်။  ပညာရေးသည် နောက်ဆုတ်ရပ်နေမည်မဟုတ်ဘဲ သင်ခန်းစာများအမြဲတစေပြောင်းလဲနေ  သောကြောင့် ကလေးများ၏ အနာဂတ်တိုးတတ်ရေးအတွက် ဆရာ/မများသည် အလွန်အရေးပါသည်ဟု အဖွင့်အမှာစကားပြောကြားခဲ့သည်။


၎င်းမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာသင်ပြနည်း မွမ်းမံသင်တန်းအား  ပြီးခဲ့သည့် ဧပြီလ (၂၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  ဆရာမ (၂၅၇)ဦးနှင့် ဆရာ (၃၄) ဦးတို့ စုစုပေါင်း (၂၅၇)ဦး တတ်ရောက်သင်ယူခဲ့ကြသည်။  သင်တန်းအတွင်း G-1မှ G-5အထိ ဘာသာရပ်အလိုက် ပြန်လည်မွမ်းမံပေးခြင်း၊ ဆရာလမ်းညွှန့်များ အဓိကသင်ကြားပေးခဲ့သည်။


အဆိုပါ အခမ်းအနားတွင် PSLF/TNLA ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပါင်လ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲဌာန၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်း ဆရာ/မများ အပါအဝင် စုစုပေါင်း လူဦးရေ (၃၀၀) ဝန်းကျင်တတ်ရောက်ခဲ့ကြသည်။


ထိုသင်တန်းကို တအာင်းပြည်ရှိ ခရိုင်(၅) ခရိုင်ဖြစ်သည့်  နမ့်ခမ်းခရိုင်၊ မိုးမိတ်ခရိုင်၊ ကျောက်မဲခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်တို့တွင် တအာင်းပြည် ပညာ ရေးကောင်စီ-TLECမှ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအသီးသီး ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်တွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာသင်ပြနည်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်