1137

မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၈)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
26 May 2025

မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၈)ဦး ဖမ်းဆီးရမိ


မိုးကုတ်၊ မေလ ၂၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ (၈)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဥ်တွင် ယမန်နေ့  ည (၁၁း၀၀)နာရီအချိန်တွင် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး မြို့အတွင်း ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် ကိုနိုင်မင်းထက်၊ စိုင်းကိုကိုအောင်၊ ကိုဇော်သက်ထွေးတို့ထံမှ ယာမဆေးပြား (၁၅ထုပ်နှင့်၂၀၇ပြား)၊ ဘိန်းဖြူ (၂)ပတ်ပြားပုလင်း (၃)ပုလင်းနှင့်အတူဖမ်းဆီးရမိခဲ့သည်။ 


ထိုနောက် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်သည့် စိုးချစ်သူ၊ ညီမင်းခန့်၊ အောင်ဇော်ထက်၊ ကျော်ဇင်ဦးနှင့် အပြုံးတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ ထပ်မံဖမ်းဆီရမိခဲ့သည်။ ဖမ်းဆိီးရမိထားသည့် ၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


အလားတူ ပြီးခဲ့သည့် မေလ(၂၁)ရက်တွင်လည်း မိုးကုတ်မြို့၊ သံလွင်တောင်ရပ်ကွက်တွင် နေထိုင်သော အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ မြို့နယ်ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာ

Topics: မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၈)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်