မိုင်းယု (၁ဝ၅)မိုင်တွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ
မူဆယ်၊ မေလ ၂၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊မိုင်းယု (၁ဝ၅)မိုင်တွင် ဆိုင်ကယ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားပြီး အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် ယမန်နေ့ မေလ (၂၂)ရက် နေ့လယ် (၁၂းဝဝ)နာရီအချိန်တွင်
အသက် (၄၅)နှစ်အရွယ် ဦးအိုက်ဆိုင်သည် အရက်သေစာသုံးသောက်ကာ လမ်းဘေးရှိကျောက်တုံးကို ဝင်တိုက်မိရာမှ ဆိုင်ကယ်တိမ်းမှောက်သွားခဲ့သည်။
ထိုတိမ်းမှောက်မှုကြောင့် ၎င်း၏ ဦးခေါင်း၊ခန္ဓာယ်ကိုယ်နှင့် မျက်နှာပေါ်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးလူမှုကူညီရေးအသင်းမှ ဆေးကုသဖို့ ပို့ဆောင်ပေးခဲ့သည်။
ပြီးခဲ့သည့် မေလ (၁၂)ရက်တွင်လည်း ကွတ်ခိုင်မြို့၊ရပ်ကွက် (၈)တွင် ဆိုင်ကယ်နှင့်ကားယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ