1097

သီပေါမြို့နယ် ပန်ခါးကျေးရွာတွင် PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာနမှ ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
16 May 2025

သီပေါမြို့နယ် ပန်ခါးကျေးရွာတွင်  PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာနမှ  ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

သီပေါ၊ မေလ ၁၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ် ပန်ခါးကျေးရွာတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ သီပေါမြို့နယ် အုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး မေလ ၁၃ရက်နေ့တွင် ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကောင်စီတပ်စခန်းဟောင်းအနီးတဝိုက်သို့ ပြည်သူလူထုများ သွားလာမှုမပြုလုပ်ကြရန်  ၊ ယာဉ်စည်းကမ်းနှင့် ယာဉ်ဥပဒသိရှိနားလည်ရန် ဆွေးနွေးခဲ့သည်။ ထို့အပြင် မိမိတို့ကျေးရွာရှိ စာသင်ကျောင်းများ အဆင်သင့်ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကျောင်းပတ်ဝန်းကျင်တွင် သန့်ရှင်းရေးကြိုတင်ပြုလုပ်ရန်၊ မိုးရာသီကာလအတွင်း ကျေးရွာရှိလမ်းမများ ပျက်စီးမှုမဖြစ်စေရန်အတွက်  ခြုံ၊ ရေမြောင်းများ ပူးပေါင်းရှင်းလင်းပေးရန်နှင့် စသည့် အ‌ကြောင်းအရာများဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးတို့မှ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ကျေးရွာပြည်သူလူထုများလည်း  ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများအား ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

၎င်းတွေ့ဆုံပွဲကို သီပေါမြို့နယ်အုပ်ချုပ်ရေးဌာန အပါအဝင် ပန်ခါးအုပ်စုရှိ မန်တပ်ကျေးရွာ၊ မန်လွယ်ကျေးရွာစသည့် ကျေးရွာ (၇)ရွာတို့မှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးများနှင့် ပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေ (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့နယ် ပန်ခါးကျေးရွာတွင် PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာနမှ ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်