PSLF/TNLA အုပ်ချုပ်ရေးဌာနမှ အလုပ်သင် ရုံးပိုင်းဆိုင်ရာသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး
မန်တုံ၊ မေလ ၁၅ ရက်
တအာင်းပြည်သတင်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA ၏ အုပ်ချုပ်ရေးဌာနမှ ဦးစီးဖွင့်လှစ်သည့်အလုပ်သင် ရုံးပိုင်းဆိုင်ရာ အပတ်စဥ် (၄) သင်တန်းဆင်းပွဲအား ယမန်နေ့ မေလ ၁၄ ရက်နေ့ နံနက် (၉း၀၀)နာရီမှ မွန်းလွဲ (၁၂း၀၀)နာရီအထိ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
ထိုသင်တန်းဆင်းပွဲအခမ်းအနားသို့ PSLF/TNLA ဗဟိုအုပ်ချုပ်ရေးဒုဌာနမှူး၊ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်နှင့် ရုံးတာဝန်ရှိသူများတို့မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ PSLO/PSLA ငြိမ်းချမ်းရေးအဖွဲ့နှင့် ဌာနအသီးသီးမှ အရာရှိအရာခံများ၊ သင်တန်းသူ/သင်တန်းသားများ စုစုပေါင်း လူဦးရေ(၁၂၀)ဦး တက်ရောက်ခဲ့ကြသည်။ ထိုနောက် ရုံးပိုင်းဆိုင်ရာ အလုပ်သင် ထူးချွန်အောင်မြင်သော ကျောင်းသူ/သားများကို ဆုချီးမြှင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ အလုပ်သင် ရုံးပိုင်းဆိုင်ရာ အပတ်စဉ်(၄) သင်တန်းအား ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလ (၅)လနီးပါးကြာမြင့်ခဲ့သည်။ သင်တန်းတွင် ရုံးပိုင်းဆိုင်ရာလုပ်ငန်း၊ တအာင်းရုံးသုံးစာ၊ Basics Computer၊ Basics Political နှင့် Public Speaking Presentation တို့ သင်ကြားပေးခဲ့သည်။ ထိုအလုပ်သင် ရုံးပိုင်းဆိုင်ရာသင်တန်းအား သင်တန်းသူ/သင်တန်းသား (၃၇)ဉီး တတ်ရောက်သင်ကြားခဲ့သည်။
ဤသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ တအာင်းပြည် အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာ စနစ်တကျလည်ပတ်နိုင်ရန်နှင့် ရုံးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်စေရန် ရည်ရွယ်ပါသည်။
သင်တန်းဆင်းကျောင်းသူ/သားများအား တအာင်းပြည်အတွင်းရှိ ရပ်ရွာ၊ မြို့နယ် နှင့် ခရိုင်အသီးသီးအတွင်း အုပ်ချုပ်ရေးဌာနဆိုင်ရာရုံးများတွင် တာဝန်ပေးအပ်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ