မိုင်းဝီးမြို့တွင် သက်တမ်းကုန်သည့် စားသုံးကုန်ပစ္စည်းများကို PSLF/TNLA ရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာအဖွဲ့တို့ ပူးပေါင်းပြီး လိုက်လံစစ်ဆေး
မိုင်းဝီး၊ မေလ ၁၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းခရိုင် မိုင်းဝီးမြို့နယ် မိုင်းဝီးကျေး ရွာတွင် PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာတပ်ဖွဲ့တို့ ပူး ပေါင်းပြီး သက်တမ်းကုန်သည့် ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းများကို စျေးဆိုင်အတွင်း လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့သည်။
အဆိုပါ သက်တမ်းကုန်သည့် စားသောက်ကုန်ပစ္စည်းများကို မေလ ၁၂ ရက်နေ့ တအာင်းပြည်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး၊ စည်ပင် နှင့် ရပ်ကွက်မှူးအပါ ပူးပေါင်းဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့သည်။
သက်တမ်းကုန်နေသည့် စားသောက်ကုန်များကို ဝင်ရောက်စစ်ဆေးရာတွင် ဝယ်ယူစားသုံးနေသည့် ပြည်သူများကို သက်တမ်းကုန်လွန်နေသော စားသောက် ကုန်ပစ္စည်းများမဝယ်မိရန်နှင့် ရောင်းချသူများလည်း ထပ်မံတင်သွင်းရောင်းချခြင်း မပြုရန် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေး
မှတ်ချက်များ