1088

မျိုးဆက်သစ်လူငယ်များအတွက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနှင့် Basic English သင်တန်းဆင်း ပွဲကျင်းပပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
13 May 2025

မျိုးဆက်သစ်လူငယ်များအတွက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနှင့် Basic English သင်တန်းဆင်း ပွဲကျင်းပပြုလုပ်


နမ္မတူ၊ မေလ ၁၃ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ နမ္မတူမြို့နယ် စတိုးကုန်းရပ်ကွက်ရှိ ကျောင်းတွင် မြို့နယ်သံဃာတော်အကျိုးတော်ဆောင် ဆရာတော် အရှင်သြဘာသမှ ဉီးဆောင်ပြီး မျိုးဆက်သစ်လူငယ်များအတွက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနှင့် Basic English အပတ်စဉ် (၁)ကျောင်း သင်တန်းဆင်းပွဲကျင်းပပြီးစီးခဲ့သည်။





အဆိုပါ အခမ်းအနားအား ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဆရာတော်မှ ဩဝါဒမိန့်ကြားခြင်း၊ ရပ်ရွာလူကြီးမှ အမှာစကားပြောကြားခြင်း ပြုလုပ်ပြီးနောက်   ၎င်းယဉ်ကျေးလိမ္မာကျောင်းသို့ တတ်ရောက်ကြသည့် ကျောင်းသူ/သားများအနက် ထူးချွန်သည့် ကျောင်းသူ/သားများအား ဆုချီးမြင့်ပေးအပ်ခဲ့ကြသည်။ ထိုယဉ်ကျေးလိမ္မာကျောင်းတွင် ကျောင်းသူ/သား စုစုပေါင်း (၈၄)ဦး တက်ရောက်ခဲ့သည်။ 





ဤမျိုးဆက်သစ်လူငယ်လူရွယ်များအတွက် ဗုဒ္ဓဘာသာမြတ်စွာဘုရား၏ တရားအနစ်သာရကိုသိရှိခြင်း၊ လူကြီးမိဘနှင့် ဆရာသမားများအပေါ် လိမ္မာယဉ်ကျေးမှုရှိစေခြင်း၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း မင်္ဂလာတရားတော်နှင့်အညီ ပြုမှုကျင့်ကြံ နေထိုင်တတ်စေခြင်းနှင့် ရည်ရွယ်ပြီး ယဉ်ကျေးလိမ္မာသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်သည်။





အဆိုပါ သင်တန်းကျောင်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်အကျိုးတော်ဆောင် တောင်တန်းသာသနာပြု  ဆရာတော်အရှင်သြဘာသနှင့် အရှင်ခေမိန္ဒ အပါအဝင် တာဝန်ရှိသူများ၊ ပညာရေးဆရာ/မများ၊ ဒေသခံရပ်မိရပ်ဖများအပြင် ကျောင်းသူ/သားမိဘများ စုစုပေါင်းလူဦး‌ရေ (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မျိုးဆက်သစ်လူငယ်များအတွက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနှင့် Basic English သင်တန်းဆင်း ပွဲကျင်းပပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်