1087

အပစ်ရပ် သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်တွင် အဆိပ်ငွေ့ဗုံးနှင့် လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်နေ

ဒေသတွင်းသတင်း / ဒေသတွင်း
13 May 2025

အပစ်ရပ် သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်တွင် အဆိပ်ငွေ့ဗုံးနှင့် လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်နေ

တအာင်းပြည်၊ မေလ ၁၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နောင်ချိုမြို့နယ် မေလ (၁၂)ရက် ညနေ (၄း၁၅) နာရီအချိန်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက်တွင် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ ယာပြင်ရွာတွင် ဒရုန်းဖြင့် (၁)ကြိမ် လာရောက်ကြဲချခဲ့သည်။

နောင်ချိုမြို့နယ် မေလ (၁၂) ရက် ညနေ (၅း၁၂)အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်  PSLF/TNLA တပ်တို့ နောင်လင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွဲခဲ့သည်။  စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ နောင်လင်ရွာတွင် ဒရုန်းဖြင့် (၁၀)ကြိမ်၊ အဆိပ်ငွေ့ဗုံး (၃)ကြိမ်နှင့် လက်နက်ကြီးဖြင့် (၃၄)ကြိမ် လာရောက်ကြဲချခဲ့သည်။

ထိုပြင် စစ်ကောင်စီတပ်မှ အမတ (၉၀၂)မှနေ၍ လက်နက်ကြီးဖြင့် (၄)ကြိမ်နှင့် ဒရုန်းဖြင့် ဗုံး(၂)လုံး သရက်ချိုကျေးရွာတွင် လာရောက်ကြဲချခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၉)ကြိမ် တအာင်းတပ်မတော်  PSLF/TNLA တည်ရှိရာ နောင်ချိုမြို့နယ် မတ်မန်းတောရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အလားတူ စစ်ကောင်စီတပ်သည် မိုးကုတ်မြို့နယ်နှင့်ဆက်စပ်သည့် သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာတွင် မေလ(၁၂)ရက် ည(၈း၁၁)နာရီအချိန်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄)ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။ 

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန့်ကြားရေးဌာန

Topics: အပစ်ရပ် သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်တွင် အဆိပ်ငွေ့ဗုံးနှင့် လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်နေ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်