1081

မေလ (၁၁) ရက် သတင်း၊ အပစ်ရပ် သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း ၊လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ

ဒေသတွင်းသတင်း / ဒေသတွင်း
12 May 2025

မေလ (၁၁) ရက် သတင်း၊ အပစ်ရပ် သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း ၊လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ

တအာင်းပြည်၊ မေလ ၁၂ ရက်
တအာင်းပြည်သတင်း

စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။

တအာင်းပြည်၊ နောင်ချိုမြို့နယ် မေလ (၁၁)ရက် နေ့လယ် (၁း၅၀) နာရီအချိန်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တအာင်းတပ်မတော် PSLF/TNLA ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက်တွင် လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန့်ကြားရေးဌာန

Topics: မေလ (၁၁) ရက် သတင်း၊ အပစ်ရပ် သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း ၊လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်