1080

တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ယခင်ထက်ပိုမိုလုပ်ဆောင်လာမှုကြောင့် မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၉)ဦး ဖမ်းစီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
12 May 2025

တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ယခင်ထက်ပိုမိုလုပ်ဆောင်လာမှုကြောင့် မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၉)ဦး ဖမ်းစီးရမိ

မိုးကုတ်၊ မတ်လ ၁၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မိုးကုတ်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၉)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့် မေလ (၈)ရက်တွင် ဗဟိုရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူး‌ပေါင်းပြီး မြို့အဝင်အထွက်ရှိဂိတ်များနှင့် ကျေးရွာများတို့အပါအဝင် သွားရောက်စစ်ဆေးမှုများပြုလုပ်ရာတွင်  သုံးစွဲသူအများအပြား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ PSLF/TNLAမှ မူးယစ်ဆေးဝါးသုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။





ယခုနှစ် ၂ဝ၂၅ ခုနှစ်တွင် PSLF/TNLA၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ ခရိုင် (၅)ခုတွင်ရှိသော မြို့နယ် (၁၈)မြို့အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ယခင်ထက်ပိုမို လုပ် ဆောင်လာမှုကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူအများအပြား ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများကိုလည်း အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလတွင်လည်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၆၅)ဦး တို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ယခင်ထက်ပိုမိုလုပ်ဆောင်လာမှုကြောင့် မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၉)ဦး ဖမ်းစီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်