Breaking News
အပစ်ရပ်ထားသော စစ်ကောင်စီတပ်မှ နောင်ချိုမြို့တွင် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ် ဗုံးလာရောက်ကြဲချ
နောင်ချို၊ မေလ ၁၀ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် အုမ္မတီးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယနေ့ ညနေ (၄း၀၅)နာရီအချိန်တွင် ဗုံး (၄)လုံး လာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုပြင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်မှ ယနေ့ နံနက် (၉း၃၂)နာရီအချိန်တွင် ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး လာရောက်ကြဲချခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ