အပစ်ရပ် သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ်မှ လေကြောင်း၊ ဒရုန်း ၊လက်နက်ကြီးဖြင့် နေ့စဥ် ဆက်လက်တိုက်ခိုက်
တအာင်းပြည်၊ မေလ ၁၀ ရက်
တအာင်းပြည်သတင်း
စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိနေပါသည်။
တအာင်းပြည်၊ နောင်ချိုမြို့နယ် မေလ (၉)ရက် နံနက် (၆း၂၀) နာရီအချိန်တွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA ရှိရာ သရက်ချိုရွာအနီးတဝိုက်တွင် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် အမတ (၉၀၂)မှ နေ့လယ် (၁၂း၂၀)နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံး(၅)လုံး နှင့် လက်နက်ကြီးဖြင့် (၁၀)ကြိမ် တိုက်ပွဲဖြစ်ပွားရာ သရက်ချိုရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
နောင်ချိုမြို့နယ် မေလ (၉) ရက် မွန်းလွဲ (၃း၂၀)အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်တို့ နောင်လင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွဲခဲ့သည်။ စစ်ကောင်စီတပ်မှ နေ့လယ် (၁၂း၂၀)နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံး(၈)လုံး၊ လက်နက်ကြီးဖြင့် (၇)ကြိမ် တိုက်ပွဲဖြစ်ပွားရာ နောင်လင်ကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
နောင်ချိုမြို့နယ် မေလ(၉)ရက် နံနက်(၉း၂၀)အချိန်တွင် စစ်ကောင်စီတပ် အမတ (၉၀၂)မှ ဒရုန်းဖြင့် ဗုံး(၂)လုံးနှင့် အဆိပ်ငွေ့ဗုံးဖြင့် (၁၁)ကြိမ် ယာပြင်ကျေးရွာတွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုပြင် စစ်ကောင်စီတပ်မှ တဲခေါ်ရွာမှနေ၍ နေ့လယ် (၁း၀၃)နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံး(၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၄)လုံးဖြင့် အုမ္မတီးကျေးရွာတွင် လာရောက်ကြဲချခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၈)ကြိမ်၊ အဆိပ်ငွေ့ဗုံးဖြင့် (၆)ကြိမ် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ တောင်လှကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန့်ကြားရေးဌာန
မှတ်ချက်များ