နောင်ချိုတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သောကြောင့် အသက် (၅)နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ (၄)ဦး သေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ
နောင်ချို၊ မေလ ၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့ သရက်ချိုကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် (၁)ဦးအပါအဝင် ဒေသခံ (၄)ဦး သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်မှာ ယမန်နေ့ မေလ (၈)ရက် ညနေ(၆းဝဝ)နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာတွင် စစ်ကောင်စီအမြောက်တပ် (၉၀၂)တပ်မှ မင်္ဂလာဆောင်ပြုလုပ်ကျင်းပနေသော ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့်အသက် (၅)နှစ်အရွယ် ကလေးငယ်(၁)ဦး၊ အသက်(၄၀)ကျော်အမျိုးသား(၂)ဦးနှင့် အသက်(၄၀)အရွယ်အမျိုးသမီး(၁) ဦးတို့သည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကလေး (၁)ဦးနှင့် လူကြီး(၆)ဦးတို့သည် ဗုံးစထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့သည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့သည်။ စစ်ကောင်စီတပ်မှ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်နေပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန့်ကြားရေးဌာန
မှတ်ချက်များ