ကွတ်ခိုင်တွင် နေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွား
ကွတ်ခိုင်၊ မေလ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်၊ ကွတ်ခိုင်မြို့နယ်၊ မန်တုံနှင့် ပိန်ဟွယ်ကျေးရွာရှိ နေအိမ် (၂)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဥ်တွင် ယနေ့ မေလ (၇)ရက် နေ့လယ် (၁း၃၀)အချိန်တွင် အင်မိန်းအုပ်စု၊ မန်တုံကျေရွာရှိ နေအိမ်တစ်အိမ်သည် ဘထ္ထရီမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
မီးလောင်နေစဥ် နေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်သွားခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး (၂၄)သိန်း မီးလောင်ဆုံးရှုံးသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် မေလ (၅)ရက် နံနက် (၈း၀၀)နာရီအချိန် ဖယိုင်းအုပ်စု၊ ပိန်ဟွယ်ကျေးရွာရှိ နေအိမ်တစ်အိမ်သည် ဆိုလာမီးမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါ မီးလောင်နေစဥ် နေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်ဆုံးရှုံးသွားပြီး စုစုပေါင်း ကာလတန်ဖိုး (၁၅)သိန်း ဆုံးရှုံးသွားခဲ့သည်။
ထို့မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုများမှ ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ