1064

လေလုတံတားအနီးတွင် ဆိုင်ကယ် (၂)စီးသည် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား (၁)ဦး ပြင်းထန်ဒဏ်ရာရရှိ

ဒေသတွင်းသတင်း
06 May 2025

လေလုတံတားအနီးတွင် ဆိုင်ကယ် (၂)စီးသည် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား (၁)ဦး ပြင်းထန်ဒဏ်ရာရရှိ

နမ့်ဆန်၊ မေလ ၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ လေလုတံတားအနီးတွင် ဆိုင်ကယ် (၂)စီးသည် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား (၁)ဦးမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် မေလ (၄)ရက် ညနေ (၄း၄၅)နာရီအချိန်တွင် နမ့်ဆန်မှ ဆိုင်ကယ်မောင်းနင်းလာသည့် မိုင်းအဆာဖဆိုသူနှင့် ပန်လုံမှ ဆိုင်ကယ်မောင်းနင်းလာသည့် မိုင်းအိုက်ညီတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပါသည်။

ထို့နောက်တွင် မိုင်းအိုက်ညီဆိုသူ၏     မျက်နှာ၊ မှေးစေ့နှင့်ရင်ဘတ်ပေါ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုင်းအဆာဖဆိုသူလည်း နဖူးပေါ်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသည်။

၎င်းအခင်းဖြစ်ပွားခဲ့သည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွား ရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်သူများကိုလည်း ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။

ပြီးခဲ့သည့်ဧပြီလတွင် ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့နယ်၊ နမ့်မောချောင်းကုန်းအဆင်းတွင် သဲတင်ကားတစ်စီးသည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ခရီးသည်ယာဉ်တစ်စီးကို ဝင်တိုက်မိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လေလုတံတားအနီးတွင် ဆိုင်ကယ် (၂)စီးသည် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား (၁)ဦး ပြင်းထန်ဒဏ်ရာရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်