1062

ဗမွန်စံပြကျေးရွာတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲပြုလုပ်ကျင်းပပြီးစီးခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
06 May 2025

ဗမွန်စံပြကျေးရွာတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲပြုလုပ်ကျင်းပပြီးစီးခဲ့


မိုးကုတ်၊ မေလ ၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ဗမွန်စံပြကျေးရွာကို တအာင်းစာအဖွဲ့-TLAမှ အခြေခံတအာင်းရုံံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။


အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် မေလ (၄)ရက် နံနက်(၉းဝဝ)နာရီမှ  (၁၂းဝဝ)နာရီဝန်းကျင်အထိ တအာင်းစာအဖွဲ့-TLAမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။





ထို့သင်တန်းကို သင်တန်းသား (၉)ဦးနှင့် သင်တန်းသူ (၂၁)ဦးစုစုပေါင်း (၃ဝ)ဦး တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကိုလည်း တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်သင်ကြားအောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates) များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။





၎င်းသင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်းလူဦးရေ (၁၅ဝ)ကျော် တက်ရောက်ခဲ့ပါသည်။ တအာင်းစာအဖွဲ့-TLAသည် ပြီးခဲ့သည့် ဧပြီလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF/TNLA အုပ်ချုပ်သော မြို့နယ်များမှကျောင်းသား/သူ စုစုပေါင်း (၅၆၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့သည်။


အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းရုံးသုံးစာ/ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများစကားလုံးအသုံးနှုန်း ဝေါဟာရတူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေထည့်သွင်းသင်ကြားနိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲ့အစည်းဌာနဆိုင်ရာဝန်ထမ်းများနှင့်ရုံးဌာနတိုင်း တအာင်းရုံးသုံးစာဘာသာဖြင့် အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေးကျောင်းအတွင်းတအာင်းစာပေဘာသာရပ်များပို့ချပေးရန်အတွက် ဆရာ/မဝန်ထမ်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။





#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ဗမွန်စံပြကျေးရွာတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲပြုလုပ်ကျင်းပပြီးစီးခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်