ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်
ကျောက်မဲ၊ မေလ ၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့ပါသည်။
ယနေ့ နံနက် (၁၁း၁၅)နာရီအချိန်တွင် တစ်ကြိမ်၊ (၁၁း၂၀)နာရီအချိန်တွင် တစ်ကြိမ် ပေါင်(၂၅၀) ဗုံး (၂)လုံး လာရောက်ဗုံးကြဲချခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် (၂)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် မတ်လ (၄)ရက် ညနေ (၅း၂ဝ)နာရီအချိန် နောင်ချိုမြို့၊ ရပ်ကွက် (၇)တွင် (၁)လုံး၊ ညနေ (၅း၃၀)နာရီအချိန် သုံးဆယ်ကျေးရွာတွင် (၁)လုံး လာရောက်ဗုံးကြဲချခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေပါသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ